[ February 14, 2022 ]

သင့်ရဲ့ CV ကိုပိုပြီးပြည့်စုံစေမည့်အချက်များ

ပုံမှန် CV မှာ ပါဝင်ကြတဲ့အချက်တွေကတော့ နာမည်၊ ပညာရေးအခြေအနေ၊ လုပ်ခဲ့တဲ့ကုမ္ပဏီနာမည်၊ ရာထူး၊ လုပ်ငန်းအတွေ့အကြုံ အစရှိသဖြင့် ထည့်ရေးကြပါတယ်။ အခုလိုအပြိုင်အဆိုင်ခေတ်မှာ ကိုယ့်ရဲ့ CV ကို သူများထက်သာအောင်ရေးဖို့ ဘယ်လိုအချက်တွေပါရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

(၁) ကိုယ်ရေးအချက်အလက် ပြည့်စုံစွာရေးပါ။ ကိုယ့်ရဲ့နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ LinkedIn Account (ရှိရင်ထည့်ပါ)၊ လိပ်စာ၊ Gender၊ မွေးနေ့ (မထည့်ချင်လည်းခုနှစ်ပဲ ထည့်လို့ အဆင်ပြေပါတယ်)၊ ဓာတ်ပုံ (မထည့်လည်းရပါတယ်၊ ထည့်မယ်ဆိုပါက Professional ကျကျ Suit တို့နဲ့ ရိုက်ထားတဲ့ဟာ မဟုတ်ရင်တောင် ဓာတ်ပုံဟာကြည်လင်ပြီး သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ပုံစံဖြစ်ရပါမယ်)။

(၂) Education Background မှာ အခုလျှောက်မယ့် Position နှင့်ပိုပြီးသက်ဆိုင်တဲ့ ဘွဲ့ ၊ ဒီပလိုမာ တို့ကို အပေါ်ဆုံးမှာ ရေးပေးပါ။ MBA တက်နေဆဲဆိုလည်း ဘယ်နှခုနှစ်မှစတက်ကြောင်း ထည့်ရေးစေလိုပါတယ်။ Workshop တို့ Training တွေကလည်း လျှောက်မယ့်ရာထူးနှင့်သက်ဆိုင်ရင် ထည့်ရေးပေးပါ။ Skill Summary ထည့်ရေးပါက ပိုကောင်းပါတယ် (Technical Skills, Computer Skills, Soft Skills, Personal Skills)တွေထည့်ရေးပေးပါ။ အရမ်းမများစေဖို့တော့ သတိပြုပါစေချင်ပါတယ်

(၃) Professional Summary ထည့်ရေးပါ။ Cover Letter အထူးတလည်မရေးချင်တဲ့သူတွေအတွက် ကိုယ့် Experience တွေရဲ့ Highlight အနေနဲ့ Professional Summary ထည့်ရေးဖို့ အကြံပေးပါရစေ။ Professional Summaryမှာ ကိုယ်ဟာ ဘယ်Sector (သို့) Industry မှာ အချိန် ဘယ်လောက်ကြာ လုပ်ခဲ့ကြောင်းနှင့် ဘယ်အပိုင်းတွေမှာ Experience ပိုရှိကြောင်း၊ အားသာကြောင်း ကိုယ့်ရဲ့ Achievements တွေကို ထည့်ရေးစေလိုပါတယ်။

(၄) လုပ်ခဲ့တဲ့ ကုမ္ပဏီ၊ ရာထူးအတိအကျ၊ Industry နှင့် Companyရဲ့  Products ပါထည့်ရေးပေးစေလိုပါတယ်။

(၅) JD ရေးရာတွင် သတိပြုရမည့်အချက်များ။ JD ကိုမဖြစ်မနေ ရေးပေးရမှာဖြစ်ပြီး Position တခုအတွက် အနည်းဆုံး (၅) ကြောင်းကနေ (၁၀) ကြောင်းအထိ ရေးသင့်ပါတယ် (JD အရမ်းရှည်လွန်းရင်လည်း Interviewer တယောက်က ဖတ်ဖို့မလွယ်သလို၊ အရမ်းတိုရင်လည်း ကိုယ့်ရဲ့ performance ကို သေချာမြင်ရမှာ မဟုတ်ပါဘူး)။ JD ကို အရမ်းအသေးစိတ် ရှည်လျားထွေပြားရေးတာထက် ကိုယ်ဘာတွေလုပ်ခဲ့လဲ ဘယ်သူ့ကို report လုပ်ခဲ့လဲ ဘယ်အပိုင်းမှာ ကျွမ်းကျွမ်းကျင်ကျင် လုပ်ခဲ့တယ်ဆိုတာ ထိထိမိမိရေးဖို့ လိုအပ်ပါတယ်။ JD ရေးပြီးရင် အလုပ်လုပ်စဥ်က ကုမ္ပဏီ အတွက် ဘယ်လို အကျိုးအမြတ်ရအောင် လုပ်ပေးခဲ့ကြောင်း ထည့်ရေးပေးပါ။ (ဥပမာ – Sale Person ဆိုလည်း Sale Target ဘယ်လိုပြည့်မီအောင်လုပ်ခဲ့ကြောင်း၊ HR ဆိုရင်လည်း သတ်မှတ်ထားတဲ့ Manpower ပြည့်မီအောင် ခန့်အပ်ခဲ့မှု၊ Training Program တွေအကြောင်းရေးပေးနိုင်ပါတယ်)။

ပြည့်စုံတဲ့CVတစ်စောင် ပြင်ပြီးလို့သွားလို့ ကိုယ့်အနေနဲ့  COVID ကာလမှာ ဘယ်လိုမျိုး အလုပ်ရှာရမလဲသိချင်ရင် အောက်က လင့်ကနေ ဝင်ရောက်ဖတ်ရှုနိင်ပါတယ်

https://www.facebook.com/story.php?story_fbid=1696334897205539&id=224639864375057

စာဖတ်သူအားလုံးပဲ အလုပ်အကိုင်အဆင်ပြေကြပါစေ

#mhcs #CV #tips