[ October 15, 2025 ]
CV နဲ့ Resume က တူတူပဲလား?
အလုပ်လျှောက်တိုင်း လုပ်ငန်းရှင် Company တွေဘက်က CV ဒါမှမဟုတ် Resume အမြဲတောင်းတတ်တာတော့ လူတိုင်းသိကြပြီးဖြစ်မှာပါ။ ဒါပေမယ့် လူအများ ခုချိန်ထိလွဲမှားနေကြတာကတော့ CV နဲ့ Resume ဆိုတာ အတူတူပဲလို့ထင်နေကြတာပါပဲ။ ဒါဆို CV နဲ့ Resume ဆိုတာဘယ်လိုပုံစံမျိုးလဲ? ဘယ်နေရာတွေမှာအဓိကသုံးကြတာလဲဆိုတာပြောပြပါ့မယ်။
CV ဆိုတာဘာလဲ?CV လို့အများသိကြတဲ့ Curriculum Vitae ဆိုတာကတော့ Candidate တစ်ယောက်ရဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံအပြည့်အစုံကို အသေးစိတ်ဖော်ပြပေးရတဲ့ စာတစ်စောင်ပဲဖြစ်ပါတယ်။ CV ကတော့ Resume နဲ့ မတူပဲ ကိုယ်ရဲ့ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ ရခဲ့ဖူးတဲ့ Degree, Diploma, Certificate နဲ့ Training Course များ၊ အလုပ်အတွေ့အကြုံ၊ လုပ်ငန်းမှာရခဲ့ဖူးတဲ့ Achievements များ၊ Research Project နှင့် Volunteer အတွေ့အကြုံမျာ၊း မိမိကျွမ်းကျင်ပိုင်နိုင်သော Skill Set နှင့် Language စသဖြင့် အသေးစိတ်ဖော်ပြပေးရတာပဲဖြစ်ပါတယ်။ မိမိရဲ့အတွေ့အကြုံပေါ်မူတည်ပြီး ဒီအချက်အလက်တွေအားလုံးကို ပြည့်စုံအောင်ဖြည့်စွက်ရတာဖြစ်တဲ့အတွက် စာမျက်နှာနှစ်မျက်နှာကနေ ငါးမျက်နှာထိရှိနိုင်ပါတယ်။ CV Form ကိုတော့ နိုင်ငံခြားမှာကျောင်းလျှောက်မယ့်သူတွေ၊ သုတေသနလုပ်ငန်းလုပ်ကိုင်မယ့်သူတွေနဲ့ တစ်ချို့သော Corporate လုပ်ငန်းခွင်မှာ အလုပ်လျှောက်မယ့်သူတွေက သုံးလေ့ရှိပါတယ်။
Resume ဆိုတာဘာလဲ?
Resume ကတော့ ကိုယ်ကျွမ်းကျင်နိုင်သော Skill Set များ၊ လုပ်ငန်းအတွေ့အကြုံနဲ့ ပညာအရည်အချင်းတို့ကိုမြင်သာအောင် လိုရင်းတိုရှင်း အကျဉ်းချုံးဖော်ပြပေးရတဲ့ စာတစ်စောင်ပဲဖြစ်ပါတယ်။ CV နဲ့မတူတာဖြစ်လို့ စာမျက်နှာအနေနဲ့ အနည်းဆုံး တစ်မျက်နှာကနေ အများဆုံးနှစ်မျက်နှာထိပဲ ဖော်ပြလေ့ရှိပါတယ်။ Resume ကိုတော့ ပုံမှန်အားဖြင့် Corporate Job, Entry-Level Job, Internship နဲ့ Online Job Portal တွေဖြစ်တဲ့ LinkedIn နဲ့ Indeed တို့မှာ အလုပ်လျှောက်မယ့်သူတွေအများဆုံးသုံးလေ့ရှိပါတယ်။
ကဲ…ဒီလောက်ဆိုရင်တော့ CV နဲ့ Resume ကွဲပြားပုံတွေကိုသေချာလေးသိလောက်ပြီထင်ပါတယ်။ လုပ်ငန်းအမျိုးအစား နဲ့ ကုမ္မဏီပေါ်မူတည်ပြီး လုပ်ငန်းရှင်တွေဘက်ကနေ CV နဲ့ Resume တောင်းတာတော့ကွာကောင်းကွာနိုင်ပါတယ်။ ကိုယ်သွားချင်တဲ့ Career လမ်းကြောင်းပေါ်မူတည်ပြီး CV နဲ့ Resume တွေကိုအကောင်းမွန်ဆုံးရေးသားနိုင်ကြပါစေလို့ MHCS မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။