[ February 14, 2022 ]

ကိုဗစ်ကာလမှာ အလုပ်ဘယ်လိုရှာမလဲ?

အခုနိုင်ငံအနှံ့အပြားမှာ ထူးခြားတဲ့ အလှည့်အပြောင်းတွေ၊ အကျပ်အတည်းတွေ ၊မရေရာမသေချာမှုတွေ၊စိုးရိမ်စိတ်တွေနဲ့ ကြုံတွေ့နေရတဲ့ ကာလဖြစ်ပါတယ်။

တချို့ လုပ်ငန်းတွေအလုပ်ရပ်နားထားရပြီး တချို့ လုပ်ငန်းများကတော့ စားသုံးသူတွေကျလာလို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် စရိတ်ချတဲ့အနေနဲ့ ဝန်ထမ်းလျော့ခြင်း၊ အလုပ်ခဏရပ်နားခြင်း၊လစာလျှော့ချခြင်းတွေ ပြုလုပ်နေကြပါတယ်။ ဝန်ထမ်းခေါ်ယူမှုတွေဟာလဲ အရင်နှစ်တွေထက်စာရင် သုံးပုံ နှစ်ပုံလောက် လျော့နည်းလာပါတယ်။ ဒီလိုကာလမှာ အလုပ်ပြောင်းမယ် အလုပ်ရှာမယ်ဆိုတဲ့သူတွေအတွက် လက်တွေ့ကျတဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနည်းလမ်းတချို့ကို MHCS အနေနဲ့ အကြံပေးဝေမျှပေးချင်ပါတယ်။

၁။ ဝန်ထမ်းအသစ်ရှာဖွေနေသော ကုမ္ပဏီများနှင့် အလုပ်အကိုင်အမျိုးအစားများကို သုတေသနပြုလုပ်ပါ (Research Employers and Industries in Active-Hiring Mode)

လုပ်ငန်းအချို့ ပိတ်ထားရတာမှန်ပေမယ့် လုပ်ငန်းအားလုံးရပ်တန့်နေတာတော့ မဟုတ်ပါဘူး။ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးဖြန့်ချီရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဘဏ်နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း အလုပ်ခေါ်ယူမှုတွေရှိနေပါတယ်။ ဘယ်ကုမ္ပဏီတွေ အလုပ်အကိုင်ခေါ်ယူနေသလဲဆိုတာ သေချာကြိုတင် လေ့လာဖို့လိုအပ်ပါတယ်။ ဘယ်နေရာတွေကနေ လေ့လာမလဲဆိုတော့ အလုပ်အကိုင်ရှာဖွေမှုဝက်ဆိုဒ် (Online Job Boards)တွေ Facebook ပေါ်က အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာတွေ LinkedIn ပေါ်ကအလုပ်ခေါ်စာတွေနှင့် MHCS ကဲ့သို့သော အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ရှာဖွေပေးနေတဲ့ Recruitment Agencies တွေဆီကနေ ဘယ်လို positions တွေကို ဘယ်ကုမ္ပဏီတွေကအလုပ်ခေါ်ယူမှုတွေရှိနေလဲဆိုတာ သိနိုင်ပါတယ်။

အသင်းအဖွဲ့တွေ အရင်ကအတူတူလုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းကသူငယ်ချင်းတွေကတဆင့်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေသိရတတ်လို့ အဆက်အသွယ်တွေပြတ်နေရင်လည်း ပြန်ပြီး စကားစမြည်ပြောဆက်သွယ်ပြီး သတင်းတွေဖလှယ်သင့်ပါတယ်.. Network တည်ဆောက်ရပါမယ်…

၂။ သင့်ရဲ့ အလုပ်လျှောက်လွှာပြင်ဆင်ခြင်း နဲ့ LinkedIn ပေါ်က သင့် ကိုယ်ရေးရာဇဝင်ကို အသေးစိတ်ပြင်ဆင်ပါ (Polish Your Resume & Update Your LinkedIn Profile)

အခုခေတ်မှာတော့ CVကို မိတ္တူဆိုင်ကလျှောက်လွှာဝယ်ဖြည့်ရုံနဲ့ရတဲ့ခေတ် မဟုတ်ဘူးဆိုတာတော့ အားလုံးသိကြပြီးသားဖြစ်ပါလိမ့်မယ်… Computerနဲ့ရိုက်ပြီး ပညာရေးအခြေအနေ(Education & Qualifications)၊ ကိုယ်ရဲ့ အတွေ့အကြုံ (Experience)၊ ကျွမ်းကျင်မှုအသေးစိတ်… လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ (Company Name)၊ လုပ်ကိုင်ခဲ့ဖူးတဲ့အချိန်အပိုင်းအခြား (Period)၊ ရာထူး (Position)၊ ဌာန (Department)တွေနှင့်အတူ ကိုယ်တာဝန်ယူခဲ့ရတဲ့တာဝန်၊ ဝတ္တရားများ (Job Description ) ကိုဖော်ပြပေးဖို့လိုပါမယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ အရည်အချင်းတွေကို သတိပြုမိစေဖို့အတွက် ကိုယ်တာဝန်ယူခဲ့ဖူးတဲ့ Project တွေ၊ ရောင်းချဖူးခဲ့တဲ့ ပစ္စည်း၊ အောင်မြင်ရရှိခဲ့တဲ့ Achievement တွေ အချက်အလက်ပြည့်ပြည့်စုံစုံ နဲ့ ဖော်ပြဖို့လိုပါလိမ့်မယ်။ အခုအချိန်မှာ အလုပ်လျောက်လွှာကိုင်ပြီး အလုပ်လိုက်လျောက်စရာမလိုပါဘူး။ Resume Softcopy လေးရှိရုံနဲ့ email ကနေ၊ Digital platform ပေါ်ကနေအလွယ်တကူ အလုပ်ရှာရုံပါပဲ။ LinkedIn ဆိုတဲ့ Digital Platform ဟာဖြင့် Company ကြီးတွေ Recruiters တွေက ဝန်ထမ်းတဦးစီရဲ့ ကိုယ်ရေးရာဇဝင်တွေ ဝင်ဖတ်ပြီး သူတို့ရှာဖွေနေတဲ့အလုပ်အကိုင်နဲ့ သင့်တော်တဲ့သူတွေကို တိုက်ရိုက် ချိတ်ဆက်ခေါ်ယူနေတဲ့ နေရာဖြစ်ပါတယ်… LinkedIn မှာ ကိုယ့် ရဲ့ profile မရှိသေးဘူးဆိုရင်ဖြင့် အမြန်ဆုံးအသုံးပြုဖို့တိုက်တွန်းပါရစေ။

၃။ အခွင့်အလမ်းသစ်တွေအတွက် ပွင့်လင်းတဲ့အတွေးအမြင်ထားပါ (Keep an Open Mind to New Opportunities)

ဒီခုလိုအကျပ်အတည်းတွေဟာ အချိန်ကာလဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ဒီအချိန်မှာ ကိုယ်မျော်လင့်တဲ့ ကုမ္ပဏီတွေမှာ ကိုယ့်ကြိုက်တဲ့အလုပ်ပဲလုပ်မယ် ကိုယ့်ရဲ့အတွေးအမြင်သာအမှန်ပဲဆိုပြီး ခေါင်းမာစွာနဲ့ မတွေးဖို့ ဦးစွာအကြံလေးပေးပါရစေ။

အထူးသဖြင့် ရာထူး၊ လစာ၊အကျိုးခံစားခွင့် (Job Title, Salary & Benefits) တွေမှာပေါ့… ကိုယ်လုပ်ချင်တဲ့ ကုမ္ပဏီအမျိုးအစားတွေက လူသစ်ထပ်မခေါ်တာတွေဖြစ်နိုင်တယ်… ကိုယ်ရဖူးတဲ့ လစာတွေလောက် များချင်မှလဲများပါမယ်.. ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပိုပြီးစဉ်းစားရမဲ့အချိန်လို့ပဲ အကြံပေးချင်ပါတယ်။

၄။ အင်တာဗျူး အတွက်ပြင်ဆင်ပါ (Prepare for Remote Interviews)

လုပ်ငန်းအများစုက Work From Home (WFH) လုပ်နေကြတဲ့အချိန်မှာ interview အများစုကို လူတွေ့အင်တာဗျူး (personal interview) တွေအစား video-conferencing tools တွေသုံးပြီး virtual interview တွေလုပ်လာကြပါတယ်။ အများစု ကတော့ Zoom, Microsoft Teams, Viber, WhatsApp and Google Meet တွေသုံးပြီး လုပ်ကြပါတယ်…ဒီtools တွေနဲ့ အကျွမ်းတဝင်မရှိသေးရင် အရင်စမ်းသုံးကြည့်ထားစေချင်ပါတယ်…

ဒီအချိန်မှာလဲ အရင်လူတွေ့အင်တာဗျူးတွေကဲ့သို့ သပ်သပ်ရပ်ရပ်ဝတ်စားပြင်ဆင်ဖို့လိုပါတယ်။ကောင်းမွန်တဲ့အင်တာနက်လိုင်း၊ တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်၊ လိုအပ်မဲ့ စာရွက်စာတမ်း တွေကို အကောင်းဆုံး အားစိုက်ထုတ်ပြီးပြင်ဆင်ထားဖို့ လိုပါလိမ့်မယ် ။

၅။ မိမိရဲ့ အရည်အသွေးနဲ့ကျွမ်းကျင်မှုတွေကိုမြှင့်တင်ပါ (Upgrade Your Skills )

အရင်နေ့တဒူဝ ရုံးဆင်းရုံးတက်နဲ့ ကိုယ့်career မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ သင်တန်းတွေတက်ဖို့ ထပ်ဆောင်းသင်ခန်းစာတွေလေ့လာရန် အချိန်ပေးနိုင်ဖို့ ခက်ခဲတတ်ကြပါတယ် အထူးသဖြင့်အိမ်ထောင်ရှင်ကလေးငယ်ရှိတဲ့သူတွေပေါ့… အခုချိန်မှာ WFH ဖြစ်နေတဲ့အတွက် ရုံးဆင်းရုံးတက်အချိန်တွေပိုထွက်လာပါတယ်။ ဒီအချိန်တွေမှာ ကိုယ့်သိပြီးသားတွေကို ထပ်ဆင့်မွမ်းမံပြင်ဆင်ခြင်းနဲ့ အခြားတတ်သင့်သိသင့်သည်များကို လေ့လာသင့်ပါတယ်။

Online ကနေသင်ယူလေ့လာနိုင်တဲ့ Website တွေ သင်တန်းတွေ အများကြီးရှိပါတယ်။

စဉ်ဆက်မပြတ်လေ့လာသင်ယူရင်အချိန်နှင့်အမျှအရည်အသွေးတိုးတက်လာပါမယ်… အမြင်တွေပြောင်းလဲလာပြီး မိမိဘဝနဲ့ လုပ်ငန်းခွင်မှာ အများကြီးအသုံးချလာနိုင်ပါတယ် လုပ်ငန်းမှာ အလားအလာလဲပိုကောင်းလာပါမယ်…

၆။ ဇွဲကောင်းပါ (Be Persistent, and Apply Often)

အချုပ်အားဖြင့်ဆိုရရင် ဒီကိုဗစ်ရောဂါကြီးရဲ့ အကျိုးဆက်က ဘယ် လာက်ကြာမယ် ဘယ်လောက်ထိ သက်ရောက်မှုရှိမယ်ဆိုတာ မသိနိုင်ပါဘူး… မှန်းဆနေကြတာထက်ပိုကြာရင် အလုပ်အသစ်ရဖို့ ခက်ခဲနေနိုင်ပါတယ် စိတ်ဓါတ်မကျပါနဲ့ မလျော့သော ဇွဲနဲ့ အမြဲ တိုးတက်ရာတိုးတက်ကြောင်း ရှာနေမယ်ဆိုရင် ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်တခုကမလွဲဧကန်ရလာမှာပါ ။

MHCS ကသင့်ကိုကူညီဖို့ အမြဲအသင့်ပါ။

ကိုယ့်အတွက်အကောင်းဆုံးအလုပ်အကိုင်ကိုရှာဖွေချင်တယ်ဆိုရင်

[email protected] ကိုခုပဲ email ပို့လိုက်ပါ။ ဒါမှမဟုတ် 09 988 833 274 ကို ဖုံးဆက်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်…

#mhcs #jobsearch #tips