[ January 8, 2026 ]

လုပ်ငန်းခွင်မှာ Interpersonal Skill တိုးတက်အောင် ဘယ်လိုနေမလဲ ??

လုပ်ငန်းခွင်မှာ Interpersonal Skill တိုးတက်အောင် ဘယ်လိုနေမလဲ ??

လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါမှာ တက်တက်ကြွကြွ လူတိုင်းနဲ့အဆင်ပြေအောင် နေတတ်ဖို့ကလဲ အရေးကြီးပါတယ်။ Interpersonal Skill ကောင်းတဲ့သူတွေဟာ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုနည်းနည်းနဲ့ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့သူဟာ Teamwork နဲ့ အလုပ်လုပ်ရတဲ့အခါမျိုးမှာ အခက်အခဲရှိနိုင်ပါတယ် ။

အောက်ပါအချက်တွေကို သတိမူခြင်းဖြင့် လုပ်ငန်းခွင်အတွင်း  Interpersonal Skill တိုးတက်လာ နိုင်စေမှာပဲ ဖြစ်ပါတယ်။

✨Active Listening

တစ်ဖက်သူ၏ပြောနေသော အကြောင်းအရာကို အပြည့်အဝအာရုံစိုက်နားထောင်ပြီး အပြန်အလှန် Communicate လုပ်ခြင်းဟာ လုပ်ငန်းခွင်ထဲမှာ Miscommunication ဖြစ်မှုများကို လျော့ နည်း နိုင် စေပါသည်။

✨Build Positive Relationships

လုပ်ငန်းခွင်အတွင်း  အချင်းချင်းပြောဆို ဆက်ဆံရတဲ့အခါ မှာ လေးစားစွာ ပြုမူပြောဆိုခြင်း၊ အချင်းချင်းကူညီပေးခြင်းတို့က Teamwork ကောင်းလာစေရုံသာမက Interpersonal skill ကိုလဲ တိုးတက်လာနိုင်စေပါသည်။

✨Collaboration

လုပ်ငန်းခွင်ထဲမှာ  လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု ၊ Knowledge Sharing လုပ်ခြင်းတို့က Interpersonal Skill တိုးတက်စေရုံ သာမက အချင်းချင်းရင်းနှီးမှုကိုလဲ တိုးတက်လာနိုင်စေပါသည်။