[ July 24, 2025 ]

အင်တာဗျူး မေးခွန်းတိုင်းဟာ တူညီတယ်လို့ သင်ထင်ပါသလား???
အင်တာဗျူး မေးခွန်းတိုင်းဟာ တူညီတယ်လို့ သင်ထင်ပါသလား???
အများစုမေးလေ့မေးထရှိတဲ့ မိမိအကြောင်းပြောရတဲ့ မေးခွန်းတွေအပြင် ပို၍အသေးစိတ်ကျသော အင်တာဗျူးမေးခွန်းများလဲမေးတတ်ပါသည်။ ၄င်းတို့မှာ…
1. Behavioral Interview Questions
Behavioral Questions ကတော့ အရင်ကသင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေ ပေါ်မှာ အခြေခံပြီးမေးမြန်းထားတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။ ဉပမာအားဖြင့်….
- သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်း ကြုံတွေ့ရတဲ့ အခက်ခဲတွေကို ဘယ်လို ဖြေရှင်းခဲ့ပါသလဲ။
- ခက်ခဲတဲ့Team Members တွေနဲ့ အလုပ်လုပ်ရတဲ့ အခါမျိုးမှာ သူတို့နဲ့ ဘယ်လိုညှိနှိုင်း ဆောင်ရွက်ခဲ့ပါသလဲ။
- လုပ်ငန်းခွင်အတွင်း အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချရတော့မဲ့ အခိုက်အတန့်မျိုးရှိခဲ့ရင် ဖော်ပြပေးပါ
2. Situational Interview Questions
Situational Interview Ques ကတော့ ခက်ခဲတဲ့အခြေနေတွေ အကယ်၍ဖြစ်လာခဲ့မယ် ဆိုလျှင် သင့်အနေနဲ့ ဘယ်လိုယူဆပြီး ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။ ဉပမာအားဖြင့်….
- Project တစ်ခု လုပ်ဆောင်နေစဉ်အတွင်း ကိုယ့်ရဲ့အထက်လူကြီးနဲ့ အမြင်မတူတဲ့ ကိစ္စတွေ ရှိလာခဲ့ရင် သင့်အနေနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။
- လုပ်ငန်းခွင်အတွင်း အဖွဲ့၀င်၂ဉီး ကြား အငြင်းပွားတဲ့ ပြသနာတွေ ဖြစ်လာတဲ့ အခါမျိုးမှာ သင့်အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။
- လုပ်ငန်းခွင်အတွင်း ကိုယ်ကျင့်တရားဆိုင်ရာ ပြသနာတွေ သေချာစွာဆုံးဖြတ်ဖို့ ခက်ခဲတဲ့အခြေအနေ ကြုံတွေ့လာရတဲ့အခါ မျိုးမှာသင့်အနေနဲ့ဘယ်လို ဖြေရှင်းမလဲ။
3. Technical Interview Questions
Technical Interview Question တွေကတော့ လုပ်ငန်းခွင်အတွင်း လိုအပ်တဲ့ Technical ပိုင်းဆိုင်ရာ နည်းပညာပစ္စည်းများနဲ့ ပတ်သတ်၍ (Technical Skills & Tools) ကျွမ်းကျင်မှု အသုံးပြု ပုံတွေကို အခြေခံပြီးမေးတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။ဉပမာအားဖြင့်….
- လုပ်ငန်းခွင်အတွင်း နည်းပညာပိုင်းဆိုင်ရာ ပြသနာတွေနဲ့ ကြုံလာရတဲ့အခါမျိုးမှာ သင့် အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ။
- သင်ကိုယ်တိုင် ဉီးဆောင်ခဲ့တဲ့ နည်းပညာနဲ့ ပတ်သတ်တဲ့ Project တွေ လုပ်ဆောင်ခဲ့ရတဲ့ အခါမျိုးမှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့ပါသလဲ။
- နည်းပညာ နဲ့ ဖန်တီးရတဲ့ ဆန်းသစ်မှုတွေကို သင့်အနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ။
4. Case-Based Interview Questions
Cases Base Ques ကတော့ ကြုံတွေနေရတဲ့ Business Problems တွေအပေါ်မှာ သင့်အနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ် ။ ဉပမာအားဖြင့် ….
- သင့်အနေနဲ့ ရောင်းအားကျနေတဲ့ Product တစ်ခုကို အရောင်းထွက်အောင် ဘယ်လို ကြိုးစားပြီး ဆောင်ရွက်ပါမလဲ။
- Productတစ်ခု ကို စျေးကွက်ထဲမှာ ရောင်းအားကောင်းလာအောင် သင့်အနေနဲ့ ဘယ်လိုမျိုးလုပ်ဆောင်မလဲ။
- Organization ကြီးတွေမှာ စရိတ် လျှော့ချဖို့ Operational Ethician ဖြစ်ဖို့ သင့်အနေနဲ့ ဘယ်လို Strategy သုံးမလဲ။
5. Competency Based Interview Questions
Competency Based Ques ကတော့ သင့်ရဲ့ Leadership skills/ Teamwork skills/ Problem Solving Skills စတဲ့ အလုပ်ခွင်အတွင်းလိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို မေးတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။
- လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များနဲ့ Teamwork တွဲလုပ်ရတဲ့ အခါမျိုးတွင် သင့်အနေနဲ့ ဘယ်လိုနေရာမျိုးမှာ ပါ၀င်ခဲ့ဖူးပါသလဲ။
- Project တစ်ခုကို အစမှ အဆုံးအထိ အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့တဲ အခိုက်အတန့်မျိုး သင်ကိုယ်တိုင်ကြုံဖူးပါ သ လား။
- အလုပ်ခွင်အတွင်း မတူညီတဲ့ပြောင်းလဲမှူတွေ ကြုံလာတဲ့ရ အခါမျိုးမှာသင်ကိုယ်တိုင် ပြောင်းလဲမှုတွေနဲ့လိုက်လျောညီထွေအောင် ဘယ်လိုနေထိုင်ခဲ့ပါသလဲ။
6. Stress Interview Questions
Stress Interview Ques ကတော့ Under Pressure နဲ့အလုပ်လုပ်ရတဲ့ Organization တွေမှာဆိုရင် မေးလေ့မေးထရှိတဲ့ မေးခွန်းတွေ ပဲ ဖြစ် ပါတယ်။ ဉပမာအားဖြင့်…………
- လုပ်ငန်းခွင်တစ်ခုမှာ တခြားသူတွေထက် သင့်ကို ဘာကြောင့် အလုပ်ခန့်သင့်ပါသလဲ။
- Company ဘက်က ချမှတ်ထားတဲ့ Rules တွေနဲ့ သင့်အမြင်တွေ မတူတဲ့အခါမျိုးတွေမှာဆိုရင် သင့်အနေနဲ့ ဘယ်လိုရင်ဆိုင်ပါမလဲ။
- လုပ်ငန်းခွင်အတွင်း မျှော်လင့်မထားတဲ့ ပြောင်းလဲမှုများစွာကို တစ်ပြိုင်နက်တည်း ကြုံလာရတဲ့အခါမျိုးမှာ သင့်အနေနဲ့ ဘယ်လိုဖြေရှင်းပါမလဲ။
7. Cultural – Fit Interview Questions
Cultural Fit Ques ကတော့ သင်ရဲ့ ကိုယ်ရည်ကိုယ်သွေး/အလုပ်လုပ်ပုံ/စံတန်ဖိုးများနှင့် သက်ဆိုင်တာတွေကို မေးတဲ့မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဉပမာအားဖြင့်…………
- သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်း အဖွဲ့အစည်းဆိုင်ရာ စံတန်ဖိုး / ယဉ်ကျေးမှုများနှင့် လိုက်ရော ညီထွေ မှု ရှိအောင် ဘယ်လိုနေပါမလဲ။
- သင့်အတွက် မည်သည့် အလုပ်ပုံစံ / အလုပ်ပတ်ဝန်းကျင် / ယဉ်ကျေးမှုများက ဆွဲဆောင်မှု အရှိဆုံး ဖြစ်ပါမလဲ။
- အဖွဲ့အစည်းနဲ့ဆောင်ရွက်ရတဲ့ ကိစ္စတွေမှာ သင့်အနေနဲ့ ဘယ်အခန်း ကဏ္ဍ မျိုးကို တာ၀န်ယူလေ့ရှိပါသလဲ။