[ November 27, 2025 ]

❌Onlineပေါ်မှလိမ်လည်မှုများကိုဘယ်လိုကာကွယ်မလဲ??❌

❌ Online ပေါ်မှလိမ်လည်မှုများကို ဘယ်လို ကာကွယ်မလဲ??? ❌

ယခုလိုတိုးတက်လာတဲ့ခေတ်ကြီးမှာ နည်းပညာတွေတိုးတက်လာတာအမျှ အွန်လိုင်းကတစ်ဆင့် လိမ်ညာခြင်းတွေလဲ တစ်နေ့ထက်တစ်နေ့ပိုများပြားလာတာကို တွေ့ရပါတယ်။

ဒါဆို ကျားဖြန့်လို့ခေါ်တဲ့ လူလိမ်တွေက ဘယ်လိုနည်းတွေနဲ့ လိမ်တတ်လဲဆိုတဲ့ အချက်တွေကို မျှဝေပေးသွားပါမယ်။

📌အွန်လိုင်းကတစ်ဆင့် လိမ်ညာခြင်း

  • ကိုယ်နဲ့မသိတဲ့လူတွေဆီက Message/ ဖုန်းခေါ်ဆိုမှုတွေ ကို မယုံပါနဲ့
  • LinkedIn/ Facebook/ Telegram/ TikTok/ Viber စတဲ့ social media platform တွေကနေတစ်ဆင့် ငွေကြေးပိုင်းဆိုင်ရာ လိမ်ညာတတ်တာတွေကို သတိထားရပါမယ်။
  • ဒါ့အပြင် Mobile Wallet, i-Banking, Mobile Banking နဲ့ပတ်သတ်တာတွေဆိုရင် ငွေမလွှဲခင် နာမည် နဲ့ Account Number ကို သေချာစစ်ဆေးဖို့လိုပါတယ်။

📌 ဖုန်းနဲ့ မက်ဆေ့ခ်ျ

  • သင့်အားအကြောင်းမဲ့ OTP Password ပေးပို့လာပါက အခြားသူအား မည်သည့်အကြောင်းပြချက်နှင့်မှ မပေးမိဖို့လိုပါတယ်။
  • သင့်ရဲ့ Mobile Wallet/ social media အကောင့်အား Verify လုပ်ပါ၊ Level Update လုပ်ပါ ဆိုပြီး Link ကို Message, Email တို့မှတစ်ဆင့် ပေးတတ်တာမျိုးတွေကို သတိထားဖို့လိုပါတယ်။
  • Message ကနေ မိမိရဲ့ Mobile Wallet/ Banking/ Social Media Account များကို ငှားရမ်းပေးလျှင် အခကြေး‌‌ငွေပေးမယ်ဆိုပြီး လိမ်ညာတာတွေကိုလည်း သတိထားဖို့လိုပါတယ်။

📌ရင်နှီးမြုပ်နှံမှု ဖြင့် လိမ်လည်ခြင်း

  • ဥပမာ တစ်နေ့ကို 50,000 ရမယ် တစ်ပတ်အတွင်း ၃ ဆ ပြန်ရမယ်တဲ့ Ads/ Page တွေ/ TikTok ကနေတစ်ဆင့် တင်တာတွေကိုလဲ အယုံမလွယ်ဖို့လိုပါတယ်
  • You Tube Video Watching/ Online Typing Job/ Facebook Job post/ Easy Work from Home စတဲ့ အတည်တကျမရှိတဲ့ company တွေ၊ လုပ်ခ ကြိုတင် ပေးခိုင်းတဲ့ အလုပ်တွေကိုလဲ သတိထားဖို့ လိုပါတယ်

ဒါဆိုရင်တော့ ဘယ်လို အချက်တွေနဲ့ပတ်သတ်ပြီး လိမ်ညာတတ်လဲဆိုတဲ့အချက်တွေကို မျှဝေပြီး သွားပြီဆိုတော့ သင်တို့အနေနဲ့ရော ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အခြား အကြောင်းအရာလေးတွေရှိရင်လဲ မန့် ခဲ့ပေး ကြဦးနော်👇👇👇