[ September 25, 2025 ]

Unethical Behavior & Unprofessional Behavior

လုပ်ငန်းခွင်အတွင်းမှာ Professional မဆန်တဲ့ အပြုအမူတွေ နဲ့ Ethic မရှိတဲ့ အမူအကျင့်တွေက မိမိရဲ့ အလုပ်ပတ်၀န်းကျင် နဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်  ထိခိုက်နိုင်သလို မိမိရဲ့ Career လမ်းကြောင်းမှာလဲ မလိုလားအပ်တဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ အများအားဖြင့် လုပ်ငန်းခွင်အတွင်းမှာတွေ့ရတဲ့ unethical behavior နဲ့ unprofessional behavior တွေကို ပြောပြပေးသွားပါမယ်။

🔷 Unethical Behavior ဆိုတာက လုပ်ငန်းခွင်အတွင်းမှာ ရှောင်ကြဉ်သင့်တဲ့ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။

     ထိုအချက်တွေကတော့ ……………

📌 အမှန်မပြောခြင်း – မိမိရဲ့ ကိုယ်ရေးအချက်တွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေကို လိမ်ညာခြင်း။

📌 ခွဲခြားဆက်ဆံခြင်း – လုပ်ငန်းခွင်အတွင်းမှာ အသက်၊ လူမျိုး၊ ဘာသာတွေနဲ့ ပတ်သတ်ပြီး ကဲ့ရဲ့ပြောဆိုခြင်း (သို့မဟုတ်) မညီမျှစွာ ဆက်ဆံခြင်း။

📌ကူးယူခြင်း – တခြားသူ၏အလုပ်ကို ကူးယူပြီး မိမိလုပ်ထားသကဲ့သို့ ပြောဆိုခြင်း။

📌 နှောင့်ယှက်ခြင်း – လုပ်ငန်းခွင်အတွင်းမှာ နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်အမူအရာဖြင့်သော်လည်းကောင်း နှောင့်ယှက်ခြင်းတွေ ပါဝင်ပါတယ်။

🔷 Unprofessional Behavior တွေကတော့ လုပ်ငန်းခွင်အတွင်းမှာ မပြုသင့်တဲ့ အပြုအမူတွေတွေပဲ ဖြစ်ပါတယ်။

      ထိုအချက်တွေကတော့ ……………

📌တာ၀န်မယူခြင်း – လုပ်ငန်းခွင်အတွင်းမှာ မိမိရဲ့အလုပ်ပေါ် တာ၀န်ယူမှု၊ တာဝန်ခံမှု မရှိခြင်း။

📌 အဆက်သွယ်ဖြတ်ထားခြင်း – အလုပ်နဲ့ ပတ်သတ်တဲ့အချက်အလက်တွေ/ အရေးကြီးတဲ့ကိစ္စတွေကို အချိန်နှင့်တပြေးညီ မဆောင်ရွက်ခြင်း။

📌အချိန်မလေးစားခြင်း – အလုပ်တာ၀န်တွေကို အချိန်မီပြီးဆုံးအောင်မလုပ်ခြင်းနှင့် အရေးကြီး Meeting များ နောက်ကျခြင်း။

📌လေးစားမှုမရှိခြင်း – လုပ်ဖော်ကိုင်ဖက်တွေနဲ့ Customer များအပေါ် မလေးစားသော စကားလုံး (သို့မဟုတ်) ကိုယ်အမူအရာ ပြုလုပ်ခြင်း။

📌အချက်အလက်များ ပေါက်ကြားခြင်း – Company နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ၊ Project ကိစ္စတွေကို မသက်ဆိုင်သူများအား မျှဝေခြင်း  (သို့မဟုတ်) social media ပေါ်မှာ ဖြန့်ဝေခြင်းတို့ ဖြစ်ပါတယ်။

✨ အခု ပြောပြခဲ့တဲ့ အပြုအမူတွေကို သင့်အနေနဲ့ ရှောင်ကြဉ်နိုင်မယ်ဆိုရင် သင်ဟာ အောင်မြင်မယ့်သူ ဖြစ်လာနိုင်ပါတယ်။ ✨