[ July 23, 2025 ]

CV ရေးရာတွင်အခက်ခဲဆုံးအပိုင်း

ဘော်ဒါတို့ရေ…CV တစ်စောင်ရေးဖို့အတွက် ဘယ်ကစရေးရမှန်း မသိလို့ ဦးနှောက် ခြောက်နေပြီလား ဒါမှမဟုတ် CV တော့ရေးဖူးတယ် ဒါပေမယ့် interview ခေါ်မခံရဘူး လုပ်ငန်းရှင်တွေ သဘောကျလောက်မယ့် Professional CV တစ်စောင် ဟုတ်မဟုတ်မသေချာဘူး။  ပုံမှာ ပြထားတဲ့အတိုင်း CV တစ်စောင်မှာ အမြဲပါလေ့ရှိတဲ့ Personal Information, Professional Summary, Education, Project/Training နဲ့ Skills တို့ကိုရေးတဲ့အခါမှာ လွယ်ကူပေမယ့် အများစုကြုံတွေ့ရတဲ့ အခက်ခဲဆုံးအပိုင်းဖြစ်တဲ့ Work Experience (လုပ်ငန်းအတွေ့အကြုံ) ရေးတဲ့အခါ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို Tips & Trick အနေနဲ့ပြောပြပေးပါမယ်။

“အလုပ်အတွေ့အကြုံ” (Work Experience) ဆိုတဲ့ အပိုင်းက ခက်ခဲပြီး ဘယ်လိုစရေး ရမှန်း မသိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ “အလုပ်လုပ်ဖို့ အတွေ့အကြုံလိုတယ်၊ ဒါပေမယ့် အတွေ့အကြုံရဖို့ အတွက် အလုပ်တစ်ခုပြန်လိုတယ်” ဆိုတဲ့ Loop ထဲမှာ ဝင်သွားတတ်ပါတယ်။

1. သင်လုပ်ခဲ့တာတွေ ကို CV မှာရေးရမယ်လို့ မတွေးမိကြဘူး

တော်တော်များများက “အလုပ်အကိုင်အတွေ့အကြုံ မရှိသေးဘူး” ဆိုပြီး CV မရေးရဲကြပါဘူး။ သင် အခမဲ့ volunteering လုပ်ဖူးလား။ ကျောင်းတုန်းက academic project, research, presentation တွေ လုပ်ခဲ့ဖူးလား ဒါမှမဟုတ် freelance အလုပ်လေးတွေလုပ်ဖူးလား။ ဒါတွေကလည်း အတွေ့အကြုံတွေပါ။

Full time လုပ်ခဲ့ဖူးတဲ့ job title မရှိဘူး ဆိုပေမယ့် အဲ့အရာတွေက လူမှုဆက်ဆံရေး၊ အချိန်စီမံရေး၊ တာဝန်ယူမှု စတဲ့ အရည်အချင်းတွေဖြစ်လို့ CV ထဲမှာသေချာလေးထည့်ရေးလို့ရပါတယ်။

2. ယခင်အလုပ်တွေက သင့်ရည်မှန်းချက်နဲ့ မကိုက်ဘူးလို့ထင်ကြတယ်

“Retail မှာပဲလုပ်ဖူးတာနဲ့ ပဲ IT ဝင်ချင်တာလား?”
“Coffee shop မှာပဲလုပ်ဖူးတာနဲ့ ပဲ Digital Marketing ဝင်ချင်တာလား?”

ဒီလို မေးခွန်းတွေ၊ များများကြားရတတ်ပါတယ်။ အချို့ကတော့ ဒါကိုကိုယ်နဲ့ “မသက်ဆိုင်ဘူး” ဆိုပြီး ကိုယ့်ရဲ့ အလုပ်အတွေ့အကြုံတွေကို CV မှာ ဖျက်လိုက်ကြပါတယ်။ အမှန်ကတော့ ဘယ်အလုပ်မဆို ပြောင်းနိုင်တဲ့ ကျွမ်းကျင်မှုများ (transferable skills) ပါတယ်။

✅ ‌Lunch time crowd ကို စနစ်တကျဖြေရှင်းဖူးတာ —
ဒါဟာ pressure အောက်မှာ အလုပ်လုပ်နိုင်မှု၊ အချိန်စီမံခန့်ခွဲမှု၊ customer service ကျွမ်းကျင်မှု တို့ဖြစ်ပါတယ်။

✅ ‌Retail မှာ စီမံခန့်ခွဲမှု၊ stock တင်တာတွေက —
တိကျမှုနဲ့ အလုပ်စဉ်စဉ်ဆင့်ဆင့်လုပ်နိုင်တဲ့စွမ်းရည် ဖြစ်ပါတယ်။

နယ်ပယ်ပြောင်းချင်သူ တစ်ယောက်အနေနဲ့လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေကို CV ထဲမှာဖော်ပြဖို့ ကြိုးစားပါ။

၃. ကိုယ်ရဲ့ achievement တွေကို ထည့်မရေးတတ်ကြဘူး

“လုပ်ဖူးတယ်” ဆိုတာနဲ့ “အောင်မြင်အောင်လုပ်တယ်” ဆိုတာက မတူပါဘူး။

နမူနာ:

  • ❌ “Sales လုပ်ဖူးတယ်”
  • ✅ “တစ်လအတွင်း sales target ” ထက် 120% ပိုအောင်မြင်ခဲ့ပြီး, Existing customer 30% retention rate တိုးလာအောင် campaign တစ်ခု ချမှတ်နိုင်ခဲ့သည်။”

ဒီလိုပုံစံမျိုး သင်လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကို ရလဒ်တွေနဲ့ (results)အပြောင်းအလဲတွေနဲ့ (impact) နဲ့ အတူ ပြန်လည်ဖော်ပြပေးပါ။ အဲဒီနည်းလမ်းကတော့ အလုပ်ရှင်တွေ စိတ်ဝင်စားဖတ်ချင်စေတဲ့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

သတိထားစရာ (Pro Tip) —
📌 Resume မှာ “ဘယ်လုပ်ဖူးသလဲ” ဆိုတာလောက်ပဲမရေးပဲ “ဘယ်လိုပြဿနာကို ဖြေရှင်းခဲ့သလဲ၊ ဘယ်ရလဒ်ထွက်ခဲ့သလဲ” ဆိုတာအထူးအရေးကြီးပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ CV ရဲ့ အခက်ခဲဆုံး အပိုင်းကို ကျော်လွှားဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ်။ ဒါကိုမှ CV ရေးဖို့ အခက်အခဲရှိနေသေးတယ် ဆိုရင်တော့ Candidate လေးတို့အတွက် သတင်းကောင်းပါးစရာတစ်ခုရှိပါတယ်။ လက်ရှိမှာ MHCS Candidate တွေကို ညွှန်းပေးဖြစ်တဲ့ all-in-one ဖြေရှင်းလို့ ရနိုင်မယ့် application လေးတစ်ခု ရှိပါတယ်။ လက်ရှိမှာ MHCS Candidate တွေကိုညွှန်းပေးဖြစ်တဲ့ all-in-one ဖြေရှင်း လို့ရနိုင်မယ့် application လေးတစ်ခုရှိပါတယ်။ အဲဒါကတော့ Nayar App လေးပဲ ဖြစ်ပါတယ်။ Nayar App မှာဆိုရင်တော့ professional CV တစ်စောင်ဖြစ်ဖို့အတွက် AI ကိုအသုံးပြုပြီး ကိုယ့်ရဲ့  Work Experience ကို generate ပြုလုပ်နိုင်ပါတယ်။ Nayar Application ကို Google Play Store မှာရော Apple Store မှာရော download ရယူနိုင်ပါပြီ။