[ February 16, 2023 ]

Interview ဖြေဆိုရာတွင် ဂရုစိုက်သင့်သောအချက်များ (Part-1)

Interview ဆိုကတော့ လုပ်ငန်းခွင်ထဲစတင်ဝင်ရောက်တော့မယ့် မည်သူမဆိုတစ်ကွေ့မဟုတ်တစ်ကွေ့မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒီကနေ့မှာ Interview ဖြေဆိုတဲ့အခါ သတိထားသင့်သည့်အချက်များထဲမှတစ်ချို့သောအချက်များကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

1. Tell me about yourself?

ဒါကတော့ interview တိုင်းပထမဆုံးမေးခွန်းအနေနဲ့အမြဲလိုလိုမေးခံရတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းက Interview တစ်ခုမှာအရေးကြီးဆုံးအပိုင်းဖြစ်သလို interviewer နဲ့ candidate ကြားမှာသက်တောင့်သက်သာဖြစ်စေဖို့ရာအတွက် ice-breaking သဘောအနေနဲ့မေးတဲ့မေးခွန်းပဲဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေတဲ့အခါမှာ လူတော်တော်များများ သတိမမူမိတဲ့အချက်ကတော့ မိမိရဲ့ CV သို့မဟုတ် Resume ပါအချက်အလက်များကို ထပ်ခါတစ်လဲပြန်လည်ရွတ်ပြမိခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ထိုမေးခွန်းကိုဖြေကြားရာမှာ မိမိရဲ့ ငယ်ဘဝ၊ မိမိရဲ့မွေးဖွားရာဇာတိ၊ မိသားစုအကြောင်းနှင့် မိမိဝါသနာ စသည်တို့ကိုလည်းမလိုအပ်ဘဲဖြေမိတတ်ပါတယ်။

Candidate အနေနဲ့ ဒီမေးခွန်းကိုဖြေဆိုတဲ့အခါမှာ မိမိနာမည်နဲ့ ပညာအရည်အချင်းတွေကိုအကျဉ်းချုပ်ပြန်လည်မိတ်ဆက်ပြီးနောက် ကိုယ်ကဘာကြောင့်ဒီနယ်ပယ်ကိုစိတ်ဝင်တစားဝင်ရောက်ခဲ့တာလဲ၊ လက်ရှိဒီနယ်ပယ်ထဲမှာ လုပ်ငန်းအတွေ့အကြုံဘယ်လောက်ထိရှိခဲ့ဖူးပြီလဲ၊ ကိုယ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့နယ်ပယ်ထဲမှာ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်ထိရခဲ့ဖူးပြီလဲ စတာတွေကို highlight အနေနဲ့ထည့်သွင်းဖြေသင့်ပါတယ်။

2. Why did you decide to apply for this position?

ဒီမေးခွန်းကလည်း interview တိုင်းလိုလိုမှာပါနေကျမေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေကြားရာမှာ candidate တွေမှားယွင်းဖြေဆိုမိတဲ့အချက်ကတော့ မိမိရဲ့သူငယ်ချင်းမိတ်ဆွေမှ ဒီအလုပ်ကိုလျှောက်ကြည့်ဖို့အတွက် recommend ပေးလို့အလုပ်လာလျှောက်သည် သို့မဟုတ် သတင်းစာကြေငြာမှတစ်ဆင့်တွေ့၍လုပ်လာလျှောက်သည် စသည်ဖြင့် သတိမမူဘဲမှားယွင်းစွာဖြေကြားမိပါသည်။

Candidate တွေအနေနဲ့ မိမိအလုပ်လျှောက်မယ့် company ၏ profile ကိုသေချာစွာလေ့လာပြီး ဒီအလုပ်နှင့် မိမိ၏ အရည်အချင်းကိုက်ညီမှုမည်မျှရှိသည်ကိုဖြေကြားသင့်ပါသည်။

အကယ်၍မိမိက fresh graduate သို့မဟုတ် ခုမှအလုပ်စဝင်မယ့်သူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဘယ်လောက်ထိဒီအလုပ်အပေါ်မှာစိတ်ဝင်စားမှုရှိလဲ၊ မိမိ passionate ဖြစ်တဲ့ဝါသနာနဲ့ ဒီအလုပ်ပေါ်မှာဘယ်လောက်ထိသက်ရောက်မှုရှိလဲ၊ စတာတွေကိုဂရုပြုဖြေကြားသင့်ပါတယ်။ အကယ်၍မိမိက အလုပ်ပြောင်းရွှေ့လုပ်ကိုင်မယ့် candidate တစ်ဦးဖြစ်ခဲ့ပါက ယခင်လုပ်ကိုင်ခဲ့ဖူးတဲ့နယ်ပယ်မှ လုပ်ငန်းရှင်၊ coworkers၊ clients တို့ရဲ့အကြောင်းတွေကိုမကောင်းမပြောမိစေရန်ဂရုပြုသင့်ပါသည်။ ထိုသို့ဖြေကြားလိုက်ခြင်းအားဖြင့် မိမိရဲ့ first impression လဲကျဆင်းစေသလို ထိုအလုပ်ရရှိဖို့အတွက်လဲခက်ခဲသွားစေမှာဖြစ်ပါတယ်။ မိမိရဲ့ ယခင်အလုပ်မှာဘယ်လိုမျိုးအတွေ့အကြုံတွေသင်ယူခဲ့ရသလဲ၊ ကိုယ့်ရဲ့ career တိုးတက်ဖို့အတွက် ယခင်အလုပ်ကဘယ်လောက်ထိအထောက်အကူဖြစ်စေခဲ့လဲ၊ career goal နဲ့ပတ်သက်ပြီး အလုပ်ပြောင်းချင်ရတဲ့ reason စသဖြင့်ဖြေကြားသင့်ပါတယ်။

3. Strength & Weakness

Interview တိုင်းရဲ့နောက်ဆုံးအခန်းကဏ္ဏအဖြစ်အမြဲလိုလိုအမေးများဆုံးမေးခွန်းကတော့ Candidate တစ်ယောက်ရဲ့ အားသာချက် နဲ့ အားနည်းချက် တွေပဲဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေကြားတဲ့အခါမှာ Candidate တွေသတိမထားမိဘဲဖြေမိတဲ့အချက်ကတော့ လုပ်ငန်းနှင့်မသက်ဆိုင်သော အားသာချက်၊ အားနည်းချက်တို့ကိုဖြေဆိုမိခြင်း၊ အားသာချက်ကိုတိတိကျကျမဖြေဆိုဘဲ မိမိကိုယ်ကိုချိုးနှိမ်၍ဖြေဆိုမိခြင်း တို့ဖြစ်ပါတယ်။ အားနည်းချက်ကိုဖြေဆိုရာတွင်လည်း မိမိတွင်အားနည်းချက်ဟူ၍တစ်စုံတစ်ရာမရှိဟုဖြေဆိုမိခြင်းဖြင့် interview stage တွင် မိမိ၏ impression ကျစေပါသည်။

Candidate တွေအနေဖြင့် ဒီမေးခွန်းကိုဖြေဆိုရာတွင် အားသာချက်ဖြစ်ပါက မိမိလျှောက်ထားတဲ့ role အရ အမှန်တကယ်အားသာသည့်အချက်များ (ဥပမာ- မိမိသည် self-motivate ဖြစ်ပြီး လုပ်ငန်းခွင်မှလုပ်ဖော်ကိုင်ဖက်များနှင့်တရင်းတနှီးနေတတ်ခြင်း) အားနည်းချက်ဖြစ်ပါက မိမိအတွက်လိုအပ်ချက်ရှိနေနိုင်သည့် အားနည်းချက်တွင် အကောင်းဖက်မှတိုးတက်အောင်ကြိုးစားလုပ်ကိုင်မည့်အကြောင်းကိုဂရုတစိုက်ဖြေကြားသင့်ပါသည်။

နောက်အပိုင်းတွေမှာလည်း လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာများကိုအလျင်းသင့်သလိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

နေ့စဉ်အလုပ်အကိုင်အခွင့်အရေးအသစ်များကိုအချိန်နှင့်တပြေးညီသိရှိနိုင်ဖို့အတွက်

MHCS Telegram Channel- https://t.me/mhcsjobs

MHCS Viber Community- https://invite.viber.com/g2=AQAc%2F1Ln8tVd…တို့ကိုအခုပဲ Join ထားလိုက်ပါ။