HR Manager
[May 6, 2025 ]
Negotiable
Full Time
Responsibility
- သက်ဆိုင်ရာဌာန/ လုပ်ငန်းများအလိုက် ဝန်ထမ်းအင်အားဖြည့်တင်းရေး စီမံချက်ရေးဆွဲခြင်းများကို ဆောင်ရွက်ရမည်။
- သတ်မှတ်ထားသောအချိန်အတွင်း အရည်အချင်းပြည့်မီသော ဝန်ထမ်းများအား ခန့်အပ်နိုင်ရေးအတွက် ဆောင်ရွက်ပေး ရမည်။
- လုပ်ငန်းတာဝန်ဝတ္တရားများ၊ လုပ်ငန်းခန့်ထားရန်အတွက် လိုအပ်သော သတ်မှတ်ချက်များကို ချမှတ်ရမည်။
- ဝန်ထမ်းခန့်အပ်ရေးလုပ်ငန်းစဉ်များဖြစ်သော ကြော်ငြာထုတ်ပြန်ခြင်း၊ လျှောက်လွှာများစိစစ်ခြင်း၊ အင်တာဗျူးစီစဉ်ခြင်း၊ ရွေးချယ်ခြင်း၊ EC ချုပ်ဆိုခြင်း၊ အစမ်းခန့်ကာလ ဝန်ထမ်းစွမ်းဆောင်ရည်အကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ကြီးကြပ် ကွပ်ကဲရမည်။
- ဝန်ထမ်းပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ နှုတ်ထွက်ခြင်း၊ နှုတ်ထွက်ဝန်ထမ်းများနှင့် Exit Interview ဆောင်ရွက်၍ ကုမ္ပဏီအတွက် သတင်းအချက်အလက်များကို ဖော်ထုတ် ခြင်း၊ ထုတ်ပယ်ခြင်းဆိုင်ရာကိစ္စရပ်များကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်းများဆောင်ရွက်ရမည်။
- HR လုပ်ငန်းစဉ်များ ISO Standard နှင့် ကိုက်ညီခြင်းရှိ/ မရှိ စိစစ်ခြင်း၊ သုံးသပ်ခြင်း၊ ညွှန်ကြားခြင်းများ ဆောင်ရွက်ရမည်။
- HR နှင့် ပတ်သက်သော အထွေထွေ ရသုံးမှန်းခြေငွေစာရင်းများကို ပြင်ဆင်ခြင်း၊ ရေးဆွဲခြင်း၊ ထိန်းသိမ်းခြင်း၊ စိစစ်ခြင်း၊ များကို ဆောင်ရွက်ရမည်။
- ဝန်ထမ်းတစ်ဦးချင်းစီ၏ ရုံးတက်/ ရုံးဆင်းမှတ်တမ်းများ၊ ခွင့်ရက်များနှင့် ပတ်သက်သည့် အကြောင်းအရာများ မှတ်တမ်းတင်ခြင်း၊ ထားနိုင်ရေးအတွက် ကြီးကြပ် ကွပ်ကဲခြင်းနှင့် နှင့် သက်ဆိုင်ရာတာဝန်ခံများနှင့် ညှိနှိုင်းခြင်းများ ဆောင်ရွက်ရမည်။
- လစဉ်ဝန်ထမ်းလစာစာရင်းရေးဆွဲခြင်း၊ SSB, Income Tax ပေးဆောင်ခြင်းကိစ္စများကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်းကိစ္စများ ဆောင်ရွက်ရမည်။
- ဝန်ထမ်းသက်သာချောင်ချိရေးအစီအစဉ်များချမှတ်ခြင်း၊ ခွင့်ခံစားမှု၊ ကျန်းမာရေး၊ အာမခံ၊ ပင်စင်၊ ထောက်ပံ့မှုများ စသည့် ခံစားခွင့်များကို စီမံခန့်ခွဲပေးရမည်။
- ဝန်ထမ်းရေးရာကိစ္စရပ်များအား အလုပ်သမားဥပဒေနှင့် လျော်ညီစွာ ကျင့်သုံးလိုက်နာစေခြင်းတို့ကို ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ရမည်
- ဝန်ထမ်းသစ်များအတွက် “Orientation & Induction Program” အား ဆောင်ရွက်ခြင်းနှင့် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သင်တန်းများကို ဖော်ဆောင်ခြင်း၊ သင်တန်းစီမံချက်ရေးဆွဲခြင်း၊ သင်တန်းများကိုစီစဉ်ဆောင်ရွက် အကောင်အထည်ဖော်ပေးခြင်း၊ ဦးဆောင်ခြင်း၊ စီမံခန့်ခွဲခြင်းများကို ပြုလုပ်ရမည်။
- ၀န်ထမ်းစွမ်းဆောင်ရည်များအား သုံးသပ်ခြင်းများ ဆောင်ရွက်ခြင်း၊ အစီရင်ခံတင်ပြခြင်း၊ သက်ဆိုင်ရာ စွမ်းဆောင်ရည်များ အလိုက် ပွင့်လင်းစွာ အကြံပြုပေးခြင်း၊ လိုအပ်ချက်များအား ပိုမိုတိုးတက်စေရန် လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်ရမည်။
- သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ Organization Structure ရေးဆွဲပေးခြင်း၊ Workforce Planning ရေးဆွဲခြင်းများ ဆောင်ရွက်ရမည်။
- ဌာနအလိုက်ရေးဆွဲတင်ပြသော Job Description (JD) များအား ဝန်ထမ်းတစ်ဦးချင်းအလိုက် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ကွဲလွဲနေပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရမည်။
- ဌာနအလိုက်ဆောင်ရွက်နေသော Standard Operating Procedures (SOP) များ လုပ်ငန်းစဉ်အလိုက် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ကွဲလွဲနေပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရမည်။
- ကုမ္ပဏီမှ ပေးအပ်သော Human Resources ဆိုင်ရာ အထူးတာဝန်များကို ဆောင်ရွက်ရမည်။
Requirement
Job Requirements
- Any bachelor's degree
- HR Operations ပိုင်းတွင်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့် HR Manager ပိုင်းတွင် အနည်းဆုံး(၃) နှစ်အထက်ရှိရမည်။
- HR Software ပိုင်းများအသုံးပြုတတ်ရမည်။
- မြန်မာ အင်္ဂလိပ် (၂)ဘာသာဖြင့် ရေးသား၊ဆက်သွယ် နိုင်ရမည်။
- အလုပ်သမား ဥပဒေနှင့် HR၏ လုပ်ထုံးလုပ်နည်းများအား ကောင်းမွန်သိရှိနားလည်ရမည်။
- ဝန်ထမ်းများ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများအား အကြံပြုခြင်းနှင့် ရူထောင့်ပေါင်းစုံမှသုံးသပ်ခြင်း များအား ဆောင်ရွက်နိုင်ရမည်။